ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်တွင် ဆောက်လက်စမိုးပျံအဝေးပြေးလမ်းမကြီး ပြိုကျမှုဖြစ်ခဲ့ပြီး မြန်မာအလုပ်သမားများ ထိခိုက်သေဆုံးမှု ရှိနေကြောင်း ကနဦးရရှိသည့် သတင်းများအရသိရသည်။
ယနေ့ နံနက် ၄ နာရီအချိန်ခန့်က မဟာချိုင်ဈေးသစ်နေရာရှိ ဖလန်စောင်လမ်းမကြီးပေါ်မှ မိုးပျံတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင် ပြိုကျခဲ့ခြင်းဖြစ်ပြီး မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမားအချို့ ထိခိုက်သေဆုံးမှုရှိနေကြောင်း ဖော်ပြထားသည်။
လက်ရှိအချိန်အထိ အလုပ်သမား ၄ ဦး သေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိထားကြောင်း၊ တံတားပြိုကျချိန်တွင် အလုပ်သမား ၄၀ ခန့် အလုပ်လုပ်နေပြီး ၂၅ ဦး အန္တရာယ်ကင်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
သို့သော် ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးပေ။
လက်ရှိတွင် ပြိုကျမှုဖြစ်သော လမ်းပိုင်းကို ပိတ်ထားပြီး အခြားလမ်းကြောင်းကို အသုံးပြုရန် ထိုင်းအာဏာပိုင်များက ညွှန်ကြားထားသည်။






Ref: Thai Enquirer, Bangkok Post