BREAKING
December 22, 2024

မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲဖြစ်

October 29, 2024

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာနှင့်အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံခရီးသွား များကပြောသည်။

ယနေ့ (အောက်တိုဘာ ၂၉) နံနက် ၆ နာရီ ဝန်းကျင်ခန့်ကစ၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်နေကြခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“အတွဲလိုက်ဆွဲသံတွေရော ကြားမှာ လက်နက်ကြီးသံတွေရောပဲ”ဟု ဒေသခံများကပြောသည်။

အပြန်အလှန် ပစ်ခတ်သံများ ယခုနံနက် ၇ နာရီ ဝန်းကျင်အထိ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ထိခိုက်မှု အသေးစိတ်ကိုမူ မသိရှိရသေးပေ။

ယင်းပစ်ခတ်မှုကြောင့် ရန်ကုန်-ထားဝယ် ခရီးသည်တင်ယာဉ်များ ဒေသအတွင်း ခရီးသွားပြည်သူများ ထားဝယ်မြို့အတွင်းသို့ ပြန်လှည့် လာနေကြောင်း မြို့ခံများကပြောသည်။