ထားဝယ်ခရိုင် ရှင်ကိုးရှင်သမိုင်းဝင် ကလိန်အောင်ရှင်ဆံတော်စေတီရဲ့ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
မနက်ပိုင်းမှာ ရပ်ဝေးဘုရားဖူးအများစု လာရောက်ခဲ့ပြီး ညနေပိုင်းမှာတော့ ရပ်နီးဘုရားဖူးတွေ လာရောက်ဖူးမြှော်နေတယ်လို့ ဘုရားစျေးသည်တွေကပြောပါတယ်။
ကိုဗစ်မတိုင်မီအချိန်ကလို လပြည့်ည ဘုရားမှာညအိပ်လာရောက်ဖူးမြှော်သူတွေတော့ မရှိကြပါဘူး။ ရှင်ကိုးရှင် သမိုင်းဝင်ဘုရားအချို့ကတော့ လမ်းခရီးမှာ တိုက်ပွဲတွေ ပဋိပက္ခဖြစ်စဥ်တွေကြောင့် သွားရောက်ဖူးမြှော်လို့မရပါဘူး။







