BREAKING
February 28, 2025

ရန်ကုန်ဆေးရုံပို့ရမည့် ကလေးတစ်ဦး အရေးပေါ် အကူအညီလို

July 29, 2023

ဝမ်းဗိုက်အတွင်း အကြိတ်များပေါက်နေသည့် အသက် ၁၀ လအရွယ်ကလေးတစ်ဦး ရန်ကုန်ကလေးဆေးရုံးသို့ တင်ပို့ကုသရမည်ဖြစ်ရာ လူနာတင်ယာဥ်ဆီဖိုးနှင့် ဆေးကုသမှုစရိတ် အရေးပေါ်အကူအညီ လိုအပ်နေသည်ဟု ချစ်ကြည်ရေးပရဟိတအသင်း ထံမှသိရသည်။

မြိတ်ဆေးရုံသို့ တက်ရောက်ကုသခဲ့ပြီးနောက် ဆရာဝန်ကြီး၏ ညွန်ကြားချက်အရ ရန်ကုန်ကလေးဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူမှသာလျှင် အဆင်ပြေတော့မည် ဖြစ်သည်ဟု ယင်းအသင်းတာဝန်ရှိသူကပြောသည်။

“ကလေးက ဗိုက်မှာမဲပြီးညိုနေပြီ။ အကြိတ်တက်တဲ့ ဒဏ်ရာတွေကြောင့် သူ့မိဘက သာရမဲရွာကပါ။ အရမ်းဆင်းရဲကြတယ်။ လမ်းစရိတ်နဲ့ ဆေးကုသဖို့အတွက် ငွေဆယ်သိန်းကျော်လောက် အရေးပေါ်လိုနေပါတယ်”ဟု တာဝန်ရှိသူကပြောသည်။

ကလေးဆက်လက် အသက်ရှင်သန်ရေးအတွက် Kpay/Wavepay-09422457621 သို့ တတ်အားသရွှေ့ ပါဝင်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံကြောင်း ချစ်ကြည်ရေးပရဟိတအသင်းတွင် ရေးသားထားသည်။

ဆက်သွယ်လှူဒါန်းလိုပါကကိုဇော်ဇော်ထွေး  (09428760824)၊ ကိုစိုးကိုကို(09422457621)ကိုစိုးထက်နိုင်             (009252594543)၊ ကိုသူရိန်လွင် (09750281658) တို့နှင့် အသင်းရုံးတည်နေရာ-အမှတ်(98)ဆိက်ကမ်းရုံးလမ်း/ဆိပ်ငယ်ရပ်/မြိတ်မြို့သို့ လှူဒါန်းနိုင်ကြောင်း သိရသည်။