ထားဝယ်တွင် မနေ့(ဇူလိုင် ၂၈) ညကစပြီး ယနေ့မနက်ပိုင်းအထိရွာသည့်မိုးကြောင့် ထားဝယ်မြို့သစ် ၈ လမ်း နှင့် ၅ လမ်း တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။
သက်ကြီးရွယ်အိုများနှင့် မကျန်းမာသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းဖွဲ့များက အရေးပေါ်ပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးနေသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်တင့်မှ အားကောင်းလာသည့်အတွက်ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ယနေ့မွန့်တည့်အချိန်ထိ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။
ထားဝယ်မြို့နယ်အတွင်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်လာပါက အရေးပေါ်ပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် ဇမ္ဗူသီရိအဖွဲ့တွင် ရေဘေးကယ်ဆယ်ရေး ဖွင့်လှစ်ထားပြီး လာရောက်တည်းခိုနေထိုင်နိုင်ကြောင်းဇယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

























