BREAKING
January 23, 2025

ဆန်ဂယက်ရိုက်နေသည့် ထားဝယ်ဈေးကွက်

June 29, 2024

ထားဝယ်ဈေးကွက်တွင် ယခုအပတ်ကြက်သွန်နှင့် စားသုံးဆီဈေးငြိမ်နေသော်လည်း ဆန်စျေးကွက်တွင် စျေးအမျိုးမျိုးဖြင့် အရောင်းအဝယ်ဖြစ်နေသည်။

မြန်မာနိုင်ငံရှိ ဆန်ကုန်သည်များ အဖမ်းခံရမှုကြောင့် ဆန်စျေးကွက်တွင် အလှုပ်အရမ်းများနေပြီး မှောင်ခိုစျေးကွက်ကို ဦးတည်နေသည်။

ဆန်းစျေးနှုန်းမှာ တည်ငြိမ်မှုမရှိဘဲ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲဖြစ်နေသည်။

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ဆန်ကြမ်း တစ်အိတ် ၉၆၀၀၀ကျပ်နှင့် ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၆၅၀၀၀၊ဖျာပုံပေါ်ဆန်း တစ်အိတ် ၁၅၀၀၀၀ကျပ် ရှိနေသည်။

ကြက်သွန်နီရိုးရိုး တစ်ပိဿာ ၃၀၀၀ကျပ်နှင့် မြစ်သားကြက်သွန်နီ တစ်ပိဿာ ၃၃၀၀ကျပ်ဖြင့်ဇွန်လ ၁၄ ရက်နေ့ကစပြီ နှစ်ပတ်ဆက်တိုက်ဈေးးငြိမ်နေသည်။

ကြူကုတ်ကြက်သွန်ဖြူ ဈေးမှာ အရင်ပတ် က တစ်ပိဿာ ၁၂၅၀၀ကျပ် ယနေ့ ၁၂၀၀၀ကျပ်သို့ဈေးကျသွားသည်။

တစ်ပတ်အတွင်း ကြူကုတ်ကြက်သွန်ဖြူတစ်ပိဿာ ၅၀၀ကျပ်ဈေးကျလာခြင်းဖြစ်သည်။

ထူးလေး ကြက်သွန်ဖြူတစ်ပိဿာ ၁၃၀၀၀၊ထူးငါး ကြက်သွန်ဖြူ တစ်ပိဿာ ၁၃၅၀၀ကျပ်ဖြင့် အရင်ပတ်က ဈေးနှုန်းအတိုင်းအပြောင်းအလဲမရှိ ဈေးငြိမ်နေသည်။

ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါး၊ပုစွန်ဈေးနှုန်းများမှာ ဇယားပါအတိုင်း ‌ဈေးနှုန်းများမြင့်တက်လျက်ရှိသည်။

လှေဝင်ရက်မဟုတ်သည့်အတွက် ဈေးကွက်အတွင်း ငါး ပုစွန် အဝင်နည်းသည့်အတွက် ဈေးတက်ခြင်းဖြစ်ကြောင်း ရေထွက်ကုန်ဈေးကွက်ထံမှသိရသည်။