ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း LGBT Community မှ ဦးဆောင်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် အကြမ်းဖက်ခြင်း ခွဲခြားဆက်ဆံခြင်းများကို ဆန့်ကျင်ကန့်ကွက်ခြင်းနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ (ဇွန် ၂၉) နေ့လယ်က ပြုလုပ်ခဲ့သည်။
ယင်း LGBT Community မှာ ထားဝယ်ခရိုင် သပိတ်လှုပ်ရှားမှုကော်မတီ (DDMSC) ၏ အဖွဲ့ဝင်အင်အားစုတစ်ခုဖြစ်ပြီး ယနေ့ လှုပ်ရှားမှုတွင် အမျိုးသမီးငယ်များ၊ လူငယ်များနှင့် ပြည်သူလူထု အများအပြားပူးပေါင်းပါဝင်ခဲ့ကြသည်။









