BREAKING
December 24, 2024

ဗီယက်နမ်တွင် ရွှေဈေး မြင့်တက်သွားခဲ့ခြင်းကြောင့် နိုင်ငံပိုင်ဘဏ်များက ဈေးကွက် ဝင်ထိန်းနေ

May 29, 2024

ဓာတ်ပုံ - VTN News

ဗီယက်နမ် Dong ငွေကြေးသည် သက်တမ်းတလျှောက်တွင် အနိမ့်ဆုံးသို့ ထိုးကျသွားခဲ့သည့်အတွက် ပြည်တွင်းရွှေဈေးကွက်တွင် ရွှေဝယ်လိုအား မြင့်တက်သွားခဲ့ကာ ကမောက်ကမ အခြေအနေများ ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံပိုင်ဘဏ်များက ဈေးကွက်ကို ဝင်ရောက်ထိန်းသိမ်းပေးနေရပြီဖြစ်ကြောင်း သိရှိရသည်။

ဗီယက်နမ် Dong ငွေကြေး ထိုးကျလာချိန်ကစ၍ တရိပ်ရိပ် လှုပ်ခတ်လာခဲ့သော ရွှေဈေးကွက်သည် လက်ရှိတွင် ရွှေဝယ်လိုအား မတန်တဆ မြင့်တက်သွားခဲ့ပြီး ပြည်တွင်းရွှေဝယ်လိုအား မြင့်တက်လာသည့်အတွက် ဗီယက်နမ်ရွှေဈေးမှာ များစွာ ထိုးတက်သွားခဲ့ပြီလည်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံတွင် ရွှေ ၁ ဒသမ ၃၃ အောင်စ ကို ကမ္ဘာ့ရွှေဈေးကွက်တွင် ဖြစ်ပေါ်နေသော ပေါက်ဈေးထက် အမေရိကန်ဒေါ်လာ ၇၀၀ ဝန်းကျင် ပိုမြင့်သွားခဲ့သည့်အတွက် ဗီယက်နမ်ဗဟိုဘဏ်က ရွှေကို လေလံနှင့် မရောင်းချနိုင်တော့ဘဲ နိုင်ငံပိုင်ဘဏ်ကြီး ၄ ခုတို့က ပူးပေါင်းကာ ရွှေရောင်းချပေးမည်ဟု လက်ရှိတွင် သတင်းထုတ်ပြန်လိုက်ပြီဖြစ်သည်။

ဗီယက်နမ်ဗဟိုဘဏ်သည် ပြည်တွင်းတွင် ရွှေဈေး မတန်တဆ မြင့်တက်၍ Dong ငွေကြေးတန်ဖိုး အနိမ့်ဆုံးဖြစ်သွားသည်ကို ယခုနည်းနှင့် ထိန်းကျောင်းရန် အပူတပြင်း စီစဉ်လိုက်ခြင်းဖြစ်ဖွယ်ရှိသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

အိန္ဒိယနိုင်ငံသုံးငွေကြေး ရူပီးသည်လည်း သက်တမ်းတလျှောက်တွင် အမေရိကန်ဒေါ်လာနှင့်လဲလှယ်နှုန်း အနိမ့်ဆုံးသို့ ကျဆင်းသွားသည့်အတွက် အခက်ကြုံနေကြောင်း သိရှိရသည်။