BREAKING
April 2, 2025

စင်ကာပူကယ်ဆယ်ရေးအဖွဲ့ မြန်မာ့ငလျင်ဘေး ကူညီမည်

March 29, 2025

စင်္ကာပူအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ၏ ဦးဆောင်မှုအောက်မှ Operation Lionheart( OLH) ဟု အမည်ပေးထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ငလျင်ဘေးသင့် မြန်မာပြည်သူများကို ကူညီရန် ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။

အဖွဲ့ဝင်ဦးရေ ၈၀ ဦး ပါဝင်သည့် အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့သည် စင်္ကာပူနိုင်ငံ ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ မိနစ် ၂၀ တွင် မြန်မာနိုင်ငံသို့ စတင်ထွက်ခွာလာခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် ကယ်ဆယ်ရေးလုပ်ငန်းကျွမ်းကျင်သူများ၊ ဆရာဝန်များ၊ ဆေးဘက်အကူများ ၊ ရှာဖွေရေးလုပ်ငန်း အထူးကျွမ်းကျင်သူများ ၊ အန္တရာယ်ရှိပစ္စည်းများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်သူများနှင့် အထူးလေ့ကျင့်ပေးထားသည့် ခွေးလေးကောင်လည်း လိုက်ပါလာမည် ဖြစ်သည်။

၎င်းတို့နှင့်အတူ အသက်ရှင်သူရှာဖွေရေးကိရိယာများ ၊ fibre optics ကင်မရာများအပါအဝင် မြို့ပြရှာဖွေရေးနှင့် ကယ်ဆယ်ရေး(USAR) ခရီးဆောင်ကိရိယာများကိုလည်း သယ်ဆောင်လာမည် ဖြစ်သည်။

အဆိုပါ ကူညီကယ်ဆယ်ရေးခရီးစဉ်မှာ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN Emergency Response and Assessment Team-ERAT) ၏ ဦးဆောင်မှုအောက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Source: Singapore Civil Defense Force’s Facebook page