မြန်မာနိုင်ငံတွင် ငလျင်ဘေးကြောင့် မြန်မာပြည်သူ တစ်သောင်းကျော်မှ တစ်သိန်းအထိ သေဆုံးနိုင်ခြေရှိကြောင်း အမေရိကန်နိုင်ငံ၊ ဘူမိဗေဒ သုတေသနအေဂျင်စီ (USGS ) က ယနေ့ မတ်လ ၂၉ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။
သေဆုံးသူ အရေအတွက် တစ်သောင်းကျော်နိုင်သည့် ဖြစ်နိုင်ခြေမှာ ၇၁ ရာခိုင်နှုန်း ရှိပြီး သေဆုံးသူအရေအတွက် တစ်သိန်းကျော်သည့် ဖြစ်နိုင်ခြေမှာ ၃၆ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြသည်။
သေဆုံးသူအရေအတွက် တစ်သောင်းနှင့် တစ်သိန်းအကြား ရှိနိုင်သည့် ဖြစ်နိုင်ခြေမှာ ၃၅ ရာခိုင်နှုန်းရှိကြောင်း ဆိုသည်။
ငလျင်ဒဏ်ကြောင့် မြန်မာပြည်တွင်း စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှု ဒေါ်လာ ၁၀၀ ဘီလီယံထက် ကျော်လွန်နိုင်သည့် ဖြစ်နိုင်ခြေမှာ ၃၃ ရာခိုင်နှုန်းရှိကြောင်း ယင်းအေဂျင်စီ၏ အစီရင်ခံစာက ဖော်ပြသည်။
ဒေါ်လာ ၁၀ ဘီလီယံနှင့် ၁၀၀ ဘီလီယံအကြား ဖြစ်နိုင်ခြေမှာ ၃၅ ရာခိုင်နှုန်းရှိကြောင်း USGS က ထုတ်ပြန်သည်။
ဒေါ်လာ တစ်ဘီလီယံနှင့် ၁၀ ဘီလီယံအကြား ရှိနိုင်ခြေမှာ ၂၄ ရာခိုင်နှုန်းရှိကြောင်း ဆိုသည်။
စစ်ကောင်စီထုတ်ပြန်ချက်အရမူ ငလျင်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်ရှိလာပြီဖြစ်ပြီး ဒဏ်ရာရာသူ နှစ်ထောင်ကျော် ရှိသည်။