BREAKING
March 31, 2025

ငလျင်ကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူ တစ်ထောင်ကျော်ရှိလာ

March 29, 2025

Photos - မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ

အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ တစ်ထောင်ကျော်ရှိပြီဖြစ်ကြောင်း စစ်ကောင်စီစာရင်းများအရသိရသည်။

သေဆုံးသူ ၁၀၀၂ ဦးအထိရှိလာပြီး ဒဏ်ရာရရှိသူ ၂၃၇၆ ဦးအထိ ရှိလာကာ ပျောက်ဆုံးသူမှာ ၃၀ ကျော်ရှိနေသည်။

ယင်းအပြင် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး စာရင်းအသေးစိတ်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်ကြောင်း ဆိုသည်။

မြန်မာသို့ တရုတ်၊ ရုရှား၊ မလေးရှား၊ အိန္ဒိယ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးပစ္စည်းများ လာရောက်နေပြီး ကုလသမဂ္ဂကလည်း ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း ပြေ ဆိုထားသည်။

မတ်လ ၂၈ရက်က ရစ်(ခ်)တာစကေး ၇ဒသမ ၇အဆင့်ရှိ အင်အားအလွန်းပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင် ၁၃ ကြိမ်အထိ လှုပ်ခတ်ခဲ့သည်။

အဆိုပါငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတို့တွင် ငလျင်ဒဏ် ပြင်းထန်ခဲ့ပြီး အဆောက်အလုံများစွာ ပြိုကျပျက်စီးခြင်း၊ မြေထဲကျွံဝင်ခြင်း၊ တံတားများ ကျိုးကျခြင်း၊ လမ်းများ မြေအက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်ခြင်း စသည်တို့ ဖြစ်ပွားခဲ့သည်။