BREAKING
March 31, 2025

နေပြည်တော်အနီး ငလျင်ထပ်လှုပ်၊ နောက်ဆက်တွဲ ငလျင် ၁၃ ကြိမ်လှုပ်

March 29, 2025

ပုံစာ - မန္တလေးတွင် ငလျင်ကြောင့် အဆောက်အအုံပြိုကျပြီး ပိတ်မိနေသူများကို ရှာဖွယ်ကယ်ဆယ်ရေးလုပ်နေစဉ် Photos - မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မြောက်-အရှေ့မြောက်ဘက် ၅မိုင်အကွာတွင် ယနေ့ မတ်လ ၂၉ရက် နံနက် ၆နာရီ နီးပါးတွင် အင်အားရစ်(ခ်)တာစကေး ၅အဆင့်ရှိ အင်အားအသင့်အတင့်ရှိမြေငလျင် လှုပ်ခတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

မတ်လ ၂၈ ရက် မွန်းလွဲ ၁နာရီခန့်တွင် လှုပ်ခတ်သည့် ရစ်(ခ်)တာစကေး ၇ဒသမ ၇အဆင့်ရှိ အင်အားအလွန်းပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် ၁၁ မိနစ်အကြာတွင် ရစ်(ခ်)တာစကေး ၇ဒသမ ၅အဆင့်ရှိ ငလျင်အပါအဝင် နောက်ဆက်တွဲ ငလျင် ၁၃ ကြိမ် လှုပ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းတို့နှင့် နေပြည်တော်၊ ရှမ်းအရှေ့မြောက်တို့တွင် ထိခိုက်သေဆုံးမှု ပျက်စီးဆုံးရှုံးမှု များသည်။ ပြိုကျနေသည့် အဆောက်အအုံများတွင် ပိတ်မိနေသည့် ရဟန်းသံဃာများ၊ ပြည်သူများ ရာချီရှိနေပြီး ဆေးရုံဆေးခန်းများတွင် ဏ်ရာရ လူနာအလွန်များပြားကာ မနိုင်မနင်းဖြစ်နေကြောင်း ငလျင်ဒဏ်ခံရသည့် ဒေသက ဒေသခံအချို့ကို မေးမြန်းချက်အရသိရသည်။