BREAKING
March 31, 2025

တရုတ်ကူညီကယ်ဆယ်ရေးအဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ

March 29, 2025

ပုံစာ - ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် တရုတ်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ ဓာတ်ပုံ - CGTN

ငလျင်ဘေးသင့် မြန်မာပြည်သူများအား အရေးပေါ်ကူညီရန် တရုတ်နိုင်ငံ​၊ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦးပါ အဖွဲ့သည် ယနေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

ငလျင်လှုပ်ခတ်ပြီးနောက် ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ အစောဆုံးရောက်လာသည့် ပြည်ပမှ အကူအညီပေးရေးအဖွဲ့လည်း ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူ ထောက်လှမ်းရှာဖွေရေး ကိရိယာများ ၊ ငလျင်ကြိုတင်သတိပေးစနစ်များ ၊ ခရီးဆောင်ဂြိုဟ်တုများနှင့် ဒရုန်းများအပါအဝင် အရေးပေါ်ကယ်ဆယ်ရေးကိရိယာများ သယ်ဆောင်ပြီး တရုတ်နိုင်ငံ ၊ ကူမင်း Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ညတွင်းချင်း ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့သည် ပျက်စီးဆုံးရှုံးမှုများသည့် နေပြည်တော်သို့ အမြန်သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဟုလည်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

Source: CGTN