ထားဝယ်ဈေးကွက်တွင် ယခုအပတ် ကြက်သွန်နီ နှင့် ကြက်သွန်ဖြူဈေးနှုန်းများ ကျဆင်းလာသည်။
ယခင်အပတ်က ကြက်သွန်နီတစ်ပိဿာ ၃၂၀၀ကျပ်မှ ယနေ ၃၀၀၀ကျပ်၊ မြစ်သားကြက်သွန်နီတစ်ပိဿာ ၃၈၀၀ကျပ်မှ ၃၅၀၀ကျပ်သို ဈေးကျလာခြင်းဖြစ်သည်။
တစ်ပတ်အတွင်းကြက်သွန်နီတစ်ပိဿာလျှင် အမျိုးအစားပေါ်မူတည်၍ တစ်ပိဿာ ၂၀၀ကျပ်မှ ၃၀၀ကျပ်အထိဈေးကျလာခြင်းဖြစ်သည်။
ထို့အပြင်ယခင်အပတ်က ကြက်သွန်ဖြူတစ်ပိဿာဈေးမှာ ၁၁၀၀၀ကျပ်မှ ယနေ့ ၉၀၀၀ကျပ်သို့ ဈေးကျလာသည်။
တစ်ပတ်အတွင်းကြက်သွန်ဖြူတစ်ပိဿာ ၂၀၀၀ကျပ်ဈေးကျသွားခြင်းဖြစ်သည်။
သို့သော် ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးပုစွန် ဈေးနှုန်းများမှာ ဇယားပါအတိုင်း ဈေးအနည်းငယ်မြင့်တက်နေသည်ကိုတွေ့ရမည်ဖြစ်သည်။
ပိုက်နားရက်ဖြစ်သည့်အတွက်ကြောင့် ငါးဖမ်းလှေများနားထား၍ ဈေးကွက်အတွင်း ရေထွက်ကုန် ဈေးအနည်းငယ် မြင့်တက်နေသည်ဟု ထားဝယ်မြို့ကမ်းနားဈေးရှိ ရေထွက်ကုန်ဈေးကွက်မှ စုံစမ်းသိရှိရသည်။

