အခေါက်ရွှေဈေးသည် နေ့စဉ်စံချိန်တင်တက်နေပြီး ထားဝယ်ဈေးကွက် အတွင်း တစ်ကျပ်သားလျှင် ၄၄၂၀၀၀၀ (လေးဆယ့်လေးသိန်းနှစ်သောင်း)ကျပ် ဈေးဖွင့်ထားသည်။
ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ တစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ထပ်တက်သွားသည်။
ထိုင်းဘတ်ဈေးတက်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၉၅၅ ဘတ် ဈေးဖွင့်ထားသည်။
ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။