စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြရင်း ဖြိုခွင်းခံရမှုကြောင့် မတ်လ ၂၇ ရက်က ကော့သောင်းမြို့တွင် ကျဆုံးသွားသူ ငါးဦးကို ယနေ့ မတ်လ ၂၈ ရက်တွင် တစ်ရက်တည်း သင်္ဂြိုဟ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ကျဆုံးသွားသူများမှာ တစ်မိုင်တောင်ကုန်းရပ်နေ အသက် ၂၁ အရွယ် မောင်ရဲထက် (ခ) စစ်ပိုင်ဦး၊ ရွှေဇင်ယော်ရပ်ကွက်နေ အသက် ၂၁ နှစ်အရွယ် မခိုင်ဇင်ထွန်း နှင့် အသက် ၄၂ နှစ်အရွယ် ဦးဇော်မင်းဦး၊ ရွှေပြည်သာရပ်ကွက်နေ အသက် ၁၇ နှစ်အရွယ် မောင်ရန်ပိုင်ဦးနှင့် အသက် ၄၇ နှစ်အရွယ် ဦးတင်ထွန်းဝင်းတို့ ဖြစ်ကြောင်း သေဆုံးသူတို့၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူတစ်ဉီးက ဆိုသည်။






ဦးဇော်မင်းဦး၊ ဦးတင်ထွန်းဝင်း၊ မောင်ရန်ပိုင်စိုးတို့သုံးဦး၏ အလောင်းကို စစ်တပ်ဘက်က ကော့သောင်းဆေးရုံသို့ သယ်ဆောင်သွားပြီးနောက် မိသားစုများက တောင်းပန်ပြီးအလောင်းထုတ် သင်္ဂြိုဟ်ခဲ့ရကြောင်း ၎င်းကဆိုသည်။





