BREAKING
September 19, 2024

အိမ်ပြန်ခွင့်ရဖို့ အစာငတ်ခံဆန္ဒပြနေကြတဲ့ ထိုင်းလဝကစခန်းထဲက မြန်မာတွေ

January 29, 2023

ပြစ်ဒဏ်ကျခံပြီးပေမယ့် မြန်မာနိုင်ငံသို့ ပြန်ခွင့်မရသေးဘဲ ဆက်လက်ထိန်းသိမ်းခံရပြီး အခန်းကျဉ်းကျဉ်းလေးထဲမှာ ပြွတ်သိပ်ထိုးပြီး ထိန်းသိမ်းခံနေရပါတယ်။
ဒီလိုအခြေအနေမှာ အနေဆင်းရဲ အစားဆင်းရဲ ဒုက္ခကြီးစွာကြုံနေရသလို ဆေးကုခွင့်တောင်မရကြဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များစွာနဲ့လည်း ကြုံနေရပါတယ်။ ငွေပေးနိုင်မှ အိမ်ပြန်ခွင့်ရမယ့် အခြေအနေဖြစ်နေပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတွေ အစာငတ်ခံဆန္ဒပြတာ အခုဆို နှစ်ရက်ရှိလာပါပြီ။ တောင်းဆိုချက် မရမချင်း အစာငတ်ဆန္ဒပြမယ်လို့လည်း ဆိုထားပါတယ်။ လဝက စခန်းထဲ ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေ အခြေအနေ ဘယ်လို ရှိပါသလဲဆိုတာ ထိန်းသိမ်းခံမြန်မာတွေ ကိုယ်တိုင်ရင်ဖွင့်ပြောဆိုထားပါတယ်။