BREAKING
February 27, 2025

စတေကာ မကပ်ပါက အရေးယူမည်ဆိုသည်မှာ ကောလာဟလဟု မီးသတ်တပ်ဖွဲ့ကြေညာ

December 28, 2022

ဆိုင်ကယ်ပေါ်တွင် ၁၉၁ နံပါတ်စတေကာ မကပ်ပါက ဒဏ်ရိုက်မည်ဆိုသည်မှာ ကောလာဟလ သတင်းသာဖြစ်ပြီး အရေးယူမည်မဟုတ်ကြောင်း တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနရုံးက ယနေ့နံနက်မှစတင်ကာ အသံချဲ့စက်ဖြင့်အော်၍ ကြေညာနေရသည်။

ဆိုင်ကယ်ပေါ်တွင် ၁၉၁ နံပါတ် မတပ်ဆင်ပါက ဒဏ်ငွေအရိုက်ခံရမည်ဆိုသည့် ကောလာဟလသတင်းကြောင့် တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနရုံးတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က အရေးပေါ် ၁၉၁ ဖုန်းနံပါတ် စတေကာ တပ်ဆင်လိုသူများ တိုးဝှေ့လျက်ရှိသည်။

ဆိုင်ကယ်များတွင် အနီရောင် ၁၉၁ စတေကာများ တပ်ဆင်ထားမှု များပြားခြင်းကြောင့် လမ်းမများပေါ်တွင် အနီရောင်စတေကာကပ်ဆိုင်ကယ်များ သွားလာနေသည်မှာ အနီရောင်လှုပ်ရှားမှု တစ်ခုကဲ့သို့ ဖြစ်လာကြောင်း ဒေသခံများကဆိုသည်။