BREAKING
January 14, 2025

ထောက်ပံ့ကြေးအလွဲသုံးစားလုပ်သည့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ အရေးယူခံရ

December 28, 2020

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အခြေခံလူတန်းစားထောက်ပံ့ကြေးကိစ္စ အလွဲသုံးစားလုပ်သည့် ရပ်/ကျေးအုပ် ချုပ်ရေးမှူးများ၊ အဖွဲ့ဝင်များ အရေးယူခံ ခဲ့ရကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးလည်းဖြစ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်း ရေးမှူးလည်းဖြစ်သူ ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးတွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထောက်ပံ့ကြေး အလွဲသုံးစားလုပ်သည့် ကျေးရွာတာဝန်ခံ သုံးဦး၊ ရာအိမ်မှူး တစ်ဦးကို တာဝန်မှ ရပ်စဲခဲ့ပြီး ကြီးကြပ်မှုအားနည်းသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သုံးဦး၊ စာရေးတစ်ဦးကို သတိပေးလက်မှတ်ရေးထိုးစေခဲ့ခြင်းဖြစ် သည်။

အခြေခံလူတန်းစား ထောက်ပံ့ကြေးကိစ္စ အလွဲသုံးစားလုပ်ဆောင်ပါက တိုင် ကြားနိုင်ရန် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဖုန်းနံပါတ်များကို အစိုးရက နိုဝင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသို့ ထုတ်ပြန်ပြီးနောက် ကျွန်းစုမြို့နယ်ရှိ ပြည်သူများက ဖုန်းဖြင့်သော် လည်းကောင်း၊ စာဖြင့်လည်း သတင်းပေးတိုင်ကြားခဲ့ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။

ယင်းသို့တိုင်ကြားလာမှုများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးခဲ့ပြီး အထက်ဖော်ပြပါ ၁၀ ဦးမှာ စစ်ဆေးပေါ်ပေါက်ပြီး အရေးယူလိုက်ခြင်းဖြစ် သည်။

အရေးယူခံရသည့် အုပ်ချုပ်ရေးမှူး အမည်နှင့် ကျေးရွာအမည်ကိုမူ ဝန်ကြီး က ထည့်သွင်းဖြေကြားခဲ့ခြင်းမရှိပေ။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း ကိုဗစ်ထောက်ပံ့ကြေးကိစ္စနှင့် တိုင်ကြားခံရပြီးနောက် ရာထူးမှာ ရပ်စဲခဲ့ဖူးသည်။ အစိုးရအနေဖြင့် ကိုဗစ်ထောက်ပံ့ကြေးပေးခဲ့သူများစာရင်းပြုစုပြီး အများပြည်သူသိရှိရန် ကြေညာပေးရမည်ဟု ကြေညာ ထားသည်။

သို့သော်မြေပြင်အခြေအနေတွင် ယင်းကဲ့သို့ ထုတ်ပြန်ခြင်းမရှိသော အုပ်ချုပ်ရေးမှူးအချို့ရှိနေဆဲဖြစ်ကြောင်းတိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်က လွှတ်တော်တွင် ထောက် ပြခဲ့သေးသည်။

ကျော်သူစိုး