စင်္ကာပူနိုင်ငံတွင် အိမ်ရှင်မွေးထားသည့် ခွေးကို အသက်သေသည်အထိ ရိုက်နှက်ခဲ့သည်ဟုဆိုကာ တရားစွဲခံထားရသော မြန်မာအိမ်ဖော် အမျိုးသမီးကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်လိုက်သည်။
အိမ်ရှင်၏ စေခိုင်းချက်အရ အဆိုပါခွေးကို စည်းကမ်းပေးရန် အိမ်ဖော်အမျိုးသမီးက ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သိုသော်သေသည်အထိ ရိုက်နှက်သဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
စင်္ကာပူနိုင်ငံ၏ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ဥပဒေအရ ယင်းအိမ်ဖော်အမျိုးသမီးမှာ စွဲချက်သုံးခုစလုံးတွင် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၉ လ ချမှတ်ခံလိုက်ရသည်။