BREAKING
April 24, 2025

ထားဝယ်ကို အောက်မေ့သတိရခြင်း

November 28, 2022

အော့မေ့ဖွယ် ထားဝယ်(We Miss Dawei)ပွဲတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ (နိုဝင်ဘာ ၂၈) ကျင်းပခဲ့ပါတယ်။

ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းဂယက်ကြား ရပ်ရွာကို မပြန်နိုင်တဲ့ အခြေအနေမှာ အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပခဲ့တာပါ။

အဲဒီပွဲမှာ ထားဝယ်အစားအသောက်တွေ ရောင်းချတာ၊ ထားဝယ်ရိုးရာအကတွေနဲ့ ဖျော်ဖြေတာအပြင် စကားဝိုင်းဆွေးနွေးပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ယခင်က ထားဝယ်မြို့မှာ We Love Dawei ပွဲစီစဉ်ကျင်းပခဲ့ဖူးတဲ့ အဖွဲ့တွေက ဦးစီးပြုလုပ်တာ ဖြစ်ပြီး ထိုင်းနိုင်ငံရောက် ထားဝယ်တိုင်းရင်းသား‌တွေ၊ မြန်မာ‌တွေနဲ့ ထိုင်းပြည်သူ အချို့လည်း ဆင်နွှဲခဲ့ပါတယ်။