BREAKING
January 22, 2025

မန်ယူနည်းပြ တန်ဟတ်ဂ် ကို ရာထူးထုတ်ပယ်လိုက်ပြီ

October 28, 2024

Photo - OneFootball

မန်ယူအသင်းသည် နည်းပြ တန်ဟတ်ဂ်ကို ရာထူးက ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

နောက်ဆုံးကစားခဲ့သော ပွဲစဉ် ၈ ပွဲတွင် နိုင်ပွဲ ၁ ပွဲတည်းသာ ရရှိခဲ့သောအခြေအနေဖြစ်ပေါ်လာခဲ့ပြီးသည့်နောက် အသင်းတာဝန်ရှိသူများက တန်ဟတ်ဂ်ကို ရာထူးကထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

မန်ယူ၏နည်းပြသစ်လျာထားစာရင်းထဲတွင် နည်းပြများစွာ ပါဝင်နေသော်လည်း လတ်တလောတွင် ရေပန်းအစားဆုံးဖြစ်လာခဲ့သည်မှာ ဘာစီလိုနာနည်းပြဟောင်း ဇာဗီး ဖြစ်သည်။

ဝက်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးဖြင့် အရေးနိမ့်လိုက်ရသော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်ယူသည် အမှတ်ပေးဇယား၏အဆင့် ၁၄ နေရာသို့ ရောက်သွားခဲ့ပြီး အသင်းသမိုင်းကြောင်းတလျှောက်တွင် အဆိုးရွားဆုံးသော ရာသီအစပြုမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ရသည်။

မန်ယူသည် ယူရိုပါလိဂ်တွင်လည်း ၃ ပွဲ ကစားပြီးချိန်၌ ၃ ပွဲလုံး သရေကျကာ အမှတ်ပေးဇယား၏အဆင့် ၂၁ နေရာသို့ ရောက်ရှိနေသည်။

မန်ယူသည် တန်ဟတ်ဂ်ကို ရာထူးထုတ်ပယ်လိုက်သည့်အတွက် နစ်နာမှုလျော်ကြေးငွေ ပေါင် ၁၇ ဒသမ ၅ သန်း ပေးရလိမ့်မည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

Source – BBC

No related posts found.