သီတင်ကျွတ်ကာလတွင် ညမထွက်ရချိန် ပြောင်းလဲသတ်မှတ်လိုက်သော်လည်း ထားဝယ်မြို့၏ သီးတင်းကျွတ်ပထမညမှာ လမ်းပေါ်တွင် လူသူမရှိသလောက်ပင်ဖြစ်သည်။
ထားဝယ်မြို့၏ သီတင်းကျွတ် ပထမညတွင် မြို့ထဲမီးထွန်းကြသူအနည်းငယ်ရှိသော်လည်း လမ်းမကြီးများပေါ်တွင်မူ ည ၇ နာရီနောက်ပိုင်း သွားလာသူ မရှိသလောက်နည်းသွားခဲ့သည်။
အာဏာမသိမ်းခင်ကမူ ယင်းသို့မဟုတ်။ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီတာခ ဈေးအကြီးဆုံးမြို့ဟုပင် မထင်ရလောက်အောက် မြို့လုံးအနှံ့ လျှပ်စစ်မီးများဖြင့် ထိန်ထိန်လင်းနေလေ့ရှိသည်။
သီတင်းကျွတ်လပြည့်နေ့ မနက်အာရုဏ်တက်ချိန်တွင် ကျင်းပသည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲသို့ အနယ်အနယ်အရပ်ရပ်မှ လာရောက်သူများဖြင့် မြို့ထဲတွင် ညလုံးပေါက် စည်ကာနေ့လေ့ရှိသည်။
တစ်ချို့က ညလုံးပေါက်မအိပ်ဘဲ မြို့အနှံလျှောက်လည်ပတ်နေကြသည့်အပြင် အနီးအနားရှိ မောင်းမကန်ကမ်းခြေသွားသူများ၊ ဘုရာစေတီပုထိုးများတွင် အလှပုံဆီမီးထွန်းသူများ၊ မီးပုံးပျံလွှတ်သူများဖြင့် ပျော်ရွှင်ကြည်နူးဖွယ်ကောင်းလှပေသည်။
ကိုဗစ်နှင့် အာဏာသိမ်းပြီးနောက်တွင်မူ ထိုအရာများအားလုံး မတွေ့မြင်ရတော့ပေ။
ယနေ့ကျရောက်သည့် သီတင်းကျွတ်အချိန်တွင်မူ မြို့ထဲလမ်းသွယ်များထဲ မီးထွန်းသူ အနည်းငယ်ရှိလာခဲ့သည်ကိုတွေ့ရသည်။









နယ်ကျေးရွာအချို့တွင်လည်း လမ်းမီးပူဇော်သည်များရှိလာခဲ့သည်။
ထားဝယ်သပိတ်မျှောပွဲတော်ကျင်းပသည့် ကမ်းနားလမ်းသဲဆိပ်သို့ဆင်းသည့် လမ်းသွယ်၊ လမ်ကြားများကိုမူ ပိတ်ဆို့ထားသည်ကိုလည်းတွေ့ရသည်။ အစစ်အဆေးလည်းရှိသည်။
မြို့ထဲတွင် စစ်ကားသုံစီး လှည့်ပတ်သွားလာပြီး ကင်းလှည့်နေသည်ကိုလည်းတွေ့ရသည်။
အောက်တိုဘာလ ၂၅ ရက်က ကမ်းနားလမ်းသဲဆိပ်အနီးတွင် ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်သည့်သဘောဟု မြို့ခံများက ယူဆနေကြသည်။
သပိတ်မျှောပွဲကျင်းပမည့် နေရာအနီးတွင်လည်း ဖုန်းလိုင်းဖြတ်တောက်သည့် ကိရိယာ ဂျန်မာတပ်ဆင်ထားကြောင်း မြို့ခံတို့ကဆိုသည်။
ယနေ့ ညနေ ၆ နာရီဝန်းကျင်ကမူ မြို့ထဲလမ်းမကြီးများပေါ်တွင် ယခင်နေ့ကထက် လူသွားလူလာများသည်ကိုတွေ့ရှိခဲ့ရသည်။ ည ၇ နာရီနောက်ပိုင်း လူခြေတိတ်သွားခဲ့သည်။
လုံခြုံရေးအတန်ငယ် တင်းကြပ်ထားသည့် ထားဝယ်မြို့ သီတင်းကျွတ် ပထမည ညနေ ၆ နာရီနှင့် ၇ နာရီခွဲအကြားမြင်ကွင်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။