ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၊ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီက ဦးဆောင်ပြီး ကျေးလက်အခြေပြု လူထုစည်းရုံးရေး တော်လှန်ရုပ်ရှင်ပြပွဲကို လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် အောက်တိုဘာ ၂၇ ရက်နေ့ညက ပြုလုပ်ခဲ့သည်။
ယင်းလှုပ်ရှားမှုတွင် တော်လှန်ရေးသီချင်းများ သီဆိုခြင်း၊ သပိတ်မှောက်ဆန့်ကျင်ရမည့် စစ်တပ်ပိုင် ကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး ရှင်းလင်းခြင်းအပါအဝင် တော်လှန်ရေးရုပ်ရှင် ဇာတ်ကားတိုများ ပြသခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်သည်။












