BREAKING
January 22, 2025

ဆန်နှင့်မီးဖိုချောင်သုံးကုန်အချို့ ဈေးကျသည့် ထားဝယ်ဈေးကွက်

September 28, 2024

ထားဝယ်ဈေးကွက်တွင် ဆန်အပါဝင် မီးဖိုချောင်သုံးပစ္စည်းအချို့ ယခုအပတ်တွင် ဈေးကျလာသော်လည်း အသားနှင့်ငါးဈေးများ မြင့်တက်နေသည်။

ယခင်အပတ်က ဆန်ကြမ်းတစ်အိတ်လျှင် ၁၁၂၀၀၀ ကျပ်မှ ယနေ့ ၁၀၈၀၀၀ ကျပ်၊ပေါ်ဆန်းတစ်အိတ်လျှင် ၁၇၁၅၀၀ ကျပ်မှ ယနေ့ ၁၇၁၀၀၀ ကျပ်သို့ ဈေးကျသွားသည်။

တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ် ၄၀၀၀ ကျပ်၊‌ဆန်ချော တစ်အိတ်လျှင် ၁၀၀၀ ကျပ် ဈေးပြန်ကျသွားခြင်းဖြစ်သည်။

ယင်းအပြင် ထိုင်းနိုင်ငံမှတင်သွင်းသည့် စားသုံးဆီ၊ကြက်သွန်၊ငရုတ်၊ အာလူးဈေးနှုန်းများလည်း အသီးသီးဈေးပြန်ကျလာသည်။

ယခင်အပတ်က ပုစွန်နှစ်ကောင်တံဆိပ် ယိုးဒယားဆီ ၁လီတာလျှင် ၈၄၀၀ကျပ်မှ ယနေ့ ၈၂၀၀ကျပ် ၊ပဲလုံးတံဆိပ် ယိုးဒယားဆီ ယခင်အပတ်က ၁လီတာ ၉၅၀၀ကျပ်မှ ယနေ့ ၈၇၀၀ကျပ်သို့ ဈေးကျသွားသည်။

တစ်ပတ်အတွင် ပုစွန်တံဆိပ်ဆီ ၁လီတာ ၂၀၀ကျပ်၊ ပဲလုံးတံဆိပ် ဆီတစ်လီတာ ၈၀၀ကျပ် ဈေးကျသွားခြင်းဖြစ်သည်။

ယင်းအပြင် ကြက်သွန်နီတစ်ပိဿာ ၁၀၀ကျပ်၊ ကြက်သွန်ဖြူ(ကျူကုတ်) တစ်ပိဿာ ၂၀၀၀ကျပ်၊အားလူးတစ်ပိဿာ ၅၀၀ကျပ်၊ငရုတ်တစ်ပိဿာ ၅၀၀ ကျပ် တစ်ပတ်အတွင်း အသီးသီးဈေးကျသွားသည်။

သို့သော် ရေထွက်ကုန်နှင့် အသားဈေးနှုန်းများမှာ ဈေးတက်နေသည်။

ကြက်သားတစ်ပိဿာ ယခင်အပတ်က ၁၈၀၀၀ကျပ်မှ ၂၂၀၀ကျပ်၊ ဝက်သား တစ်ပိဿာ ၂၅၀၀၀ကျပ်မှ ၃၀၀၀၀ကျပ် ၊ငါးကွန်းရှပ်တစ်ပိဿာ ၂၅၀၀၀ကျပ်မှ ၂၇၀၀၀ကျပ်၊ပုစွန်ချော တစ်ပိဿာ ၃၅၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်သို့ ဇယားပါ‌ ဈေးနှုန်းအတိုင်း အသီးသီးဈေးတက်သွားသည်ကို တွေ့ရမည်ဖြစ်သည်။