BREAKING
September 16, 2024

လောင်းလုံး ခလရ ၁၀၄နှင့် အထက ကမြောကင်းကြားတွင် ပစ်ခတ်မှုဖြစ်

August 28, 2024

လောင်းလုံးမြို့နယ်၊ ခြေလျင်တပ်ရင်း ခလရ (၁၀၄) နှင့် ကမြောကင်း အထက်တန်းကျောင်းကြားတွင် ယနေ့ ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နံနက် ကျောင်းတက်ချိန်တွင် တပ်မိသားစု ကျောင်းကားအတွက် လမ်းကင်းလုံခြုံရေးလာယူသည့် စစ်ကောင်စီတပ်သားများနှင့် PDF တပ်ဖွဲ့တို့ကြားပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“ကျောင်းကား လမ်းကင်းလာယူပေးတဲ့ တပ်သားတွေ တိုက်ခိုက်ခံရတာပါ။ သူတို့က မနက် ကျောင်းတက်ချိန်တစ်ခေါက် ညနေ ကျောင်းဆင်းချိန် တစ်ခေါက် နေ့တိုင်း လမ်းကင်းလုံခြုံရေးယူပေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်မှုကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့က လုပ်ဆောင်သည်နှင့် ပစ်ခတ်တိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှုအခြေနေတို့ကို အသေးစိတ် မသိရသေးပေ။

ယင်းပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ၁၀၄ ခြေလျင်တပ်ရင်းရှေ့တွင် ဘယ်ရီဂိတ်များချကာ စစ်ကောင်စီတပ်က ခရီးသွားပြည်သူများကို စစ်ဆေးလျက်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

No related posts found.