နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ(ထားဝယ်)က ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှုကို ယနေ့ (သြဂုတ် ၂၈) မနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။
နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) သုံးနှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် “နီရဲတဲ့နှင်းဆီ ငါတို့အားလုံး နီရဲတဲ့နှင်းဆီ” ခေါင်းစဥ်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် ထားဝယ်အမျိုးသမီးလူငယ်များက ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့မှစတင်ကာ နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


















၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်(ဖက်ဆစ်တော်လှန်ရေးနေ့)တွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ကို စတင်ဖွဲ့စည်းလိုက်ပြီး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို စတင်ခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ကို နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့သည်။
နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) DDMSC ၏အဖွဲ့ဝင် အင်အားစုတစ်ခုလည်းဖြစ်သည်။