မြိတ်မြို့တွင် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်းအား နှစ်ရက်ဆက်တိုက် တွေ့ရှိခဲ့ရကြောင်း သိရသည်။
ကုန်ဖေါက်ရပ်ကွက်ရှိ အဝေးပြေးကားကွင်းတွင် ဇူလိုင်လ ၂၇ ရက်နေ့က အမျိုးသားတစ်ဦးနှင့် ဇူလိုင်လ ၂၈ ရက်နေ့က ကမ်းနားလမ်းရှိ ပြည်တော်သာတံတားအနီးတွင် အမျိုးသားတစ်ဦးတို့ သေဆုံးနေခြင်းဖြစ်သည်။
သေဆုံးသူတို့မှာ အသက် ၅၀ နှစ်ကျော်ခန့် ရှိပြီး လမ်းဘေးတွင် တစ်ကိုယ်တည်းနေထိုင်သူတို့ဖြစ်ကြောင်း ကရုဏာ နာရေးကူညီမူအသင်းဝင်တစ်ဦးက ပြောပြသည်။
အဆိုပါ ပိုင်ရှင်မဲ့အလောင်းတွေ့ရှိသည့် နေရာတို့အား ပိုးသတ်ဆေးဖြန်းခြင်း၊ ရင်ခွဲရုံသို့ပို့ဆောင်ခြင်းနှင့် မီးသင်္ဂြိုဟ်ခြင်းတို့အား ကရုဏာ နာရေးကူညီမူအသင်းက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

