စပါးအသင်းသည် မန်ယူတိုက်စစ်မှူး ရတ်ရှ်ဖို့ဒ် ကို ခေါ်ယူရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးသည် မန်ယူမှနေ၍ အက်စတွန်ဗီလာထံသို့ အငှားလာရောက်ကစားနေသော ရတ်ရှ်ဖို့ဒ်၏ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို သဘောကျနေပြီး မန်ယူကမူ ရတ်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ သတ်မှတ်တောင်းဆိုထားသည်။
စပါးသည် ဟယ်ရီကိန်း၏ကွက်လပ်ကို ရတ်ရှ်ဖို့ဒ်နှင့် အစားပြန်ဖြည့်လိုလျက်ရှိကာ ရတ်ရှ်ဖို့ဒ်အတွက် စပါးဘက်က အသုံးပြုလိုသောပြောင်းရွှေ့ကြေးပမာဏမှာ ပေါင် ၃၅ သန်းသာ ရှိသည်။
မန်ယူနည်းပြ အေမိုရင် သည် အသင်းတိုက်စစ်ကို အင်အားဖြည့်ရန်အတွက် ရတ်ရှ်ဖို့ဒ်နှင့် ဇာ့ခ်ဇီးတို့ကို ရောင်းထုတ်ကာ အသုံးစရိတ် ရှာဖွေဖွယ်ရှိနေပြီး အေမိုရင် ခေါ်ယူလိုသော တိုက်စစ်မှူးများအနက်တွင် ၎င်း၏တပည့်ဟောင်းဖြစ်သော စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကီရက်စ်က ထိပ်ဆုံးနေရာတွင် ရှိနေသည်။
Photo – LiveScore