BREAKING
April 28, 2025

မြန်မာဖိုက်တာ စိန်လုံးချော ONE သို့ ဝင်ရောက်၊ မေလ ၂ ရက်နေ့ ပွဲထိုးရမည်

April 28, 2025

မြန်မာဖိုက်တာ စိန်လုံးချော သည် ONE Championship သို့ ကူးပြောင်းဝင်ရောက်လာခဲ့ပြီဖြစ်ကာ လာမည့် မေလ ၂ ရက်နေ့၌ ပွဲထိုးရတော့မည်ဖြစ်ကြောင်း ONE က ထုတ်ပြန်ကြေညာထားပြီဖြစ်သည်။

ONE Championship သည် စိန်လုံးချောကို အသက် ၁၉ နှစ်အရွယ် ထိုင်းဖိုက်တာ ယူးဆက်ခ်ဆန်နှင့် ပွဲတည်ပေးထားပြီး ယခုပွဲစဉ်မှာ စိန်လုံးချောအတွက် အခက်တွေ့နိုင်လောက်သည့်ပွဲစဉ် ဖြစ်နေသည်။

ယူးဆက်ခ်ဆန် သည် ONE Championship တွင် တစ်ပွဲထိုး၊ တစ်ပွဲနိုင်ထားသောဖိုက်တာဖြစ်ပြီး စိန်လုံးချောအတွက် သတိထားရမည့်ပြိုင်ဘက်ဖြစ်သည်ကို ပွဲကစားချိန်၌ မြင်တွေ့ရလိမ့်မည်ဖြစ်ကြောင်း ပရိသတ်များက သုံးသပ်ထားကြသည်။

မေလ ၂ ရက်နေ့တွင်ကျင်းပမည့် ONE Friday Fights 106 ပြိုင်ပွဲ၌ ပွဲစဉ်ပေါင်း ၁၂ ပွဲ ပါဝင်ပြီး ယူဆက်ခ်ဆန်နှင့် စိန်လုံးချောတို့၏ပွဲစဉ်မှာ ၈ ပွဲမြောက်အဖြစ် ထိုးရမည့်ပွဲစဉ်ဖြစ်နေသည်။

ပွဲစီစဉ်သူ ကိုစောဖြိုးဝေ သည် “လာမည့်ပွဲမှာ အထက်မြန်မာပြည် ရိုးရာလက်ဝှေ့ကျော်ရဲ့ ပွဲဦးထွက်နှင့်အတူ ပွဲထွက်မည်။ အားပေးကြပါအုံးဗျ”ဟု ရေးသားလွှင့်တင်ကတည်းပင် မန္တလေးသား ဖိုက်တာတစ်ဦး ONE ပြိုင်ပွဲသို့ ရောက်လာမည်ကို ပရိသတ်များက ကြိုတင်သိရှိနေခဲ့ကြပြီး အစောပိုင်း၌ မန္တလေးသား ဖိုက်တာဟူသည်မှာ ကျော်စွာဝင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သေးသည်။

Source – ONE Championship