BREAKING
March 31, 2025

အောင်ပန်းဟိုတယ်တွင် သေဆုံးသူနှစ်ဦးတွေ့၊ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်နိုင်

March 28, 2025

Photos – Win Naing Soe

ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ ဟိုတယ်အောင်ပန်းတွင် ပိတ်မိနေသူများကို ကယ်ထုတ်နေပြီး အမျိုးသမီး တစ်ဦးကို ကယ်ဆယ်နိုင်ပြီဖြစ်ကာ သေဆုံးသူနှစ်ဦးတွေ့ရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်းလုပ် ဆောင်သူနေသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။

ပိတ်မိနေသူ လေးဦးတွေ့ရှိသည့်အနက် အမျိုးသမီးတစ်ဦးကို ကယ်ဆယ်နိုင်ခြင်းဖြစ်ပြီး အသက်ရှင်နေသူများ ရှိနေသဖြင့် ဆက်လက်ကယ်ထုတ်နေဆဲဖြစ်ကြောင်း ၎င်းက ယနေ့ညနေ ၇နာရီကျော်တွင် ရေးသားထားသည်။

ရစ်(ခ်)တာ စကေး ၇ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းတို့နှင့် နေပြည်တော်၊ ရှမ်းအရှေ့မြောက်တို့တွင် ထိခိုက်သေဆုံးမှု ပျက်စီးဆုံးရှုံးမှု များသည်။