BREAKING
April 22, 2025

ထိုင်းဆုန်ခရမ်ပွဲတော်ကာလ ဧပြီ ၁၂ မှ ၁၆ ရက်နေ့အထိ ရုံးပိတ်မည်

March 28, 2024

ပုံစာ - ဆုန်ခရမ်ပွဲတော်တွင် ရေကစားနေသူများ။ Photo - Pattaya Mail

ထိုင်းနှစ်သစ်ကူးပွဲတော်ဖြစ်သော ဆုန်ခရမ်ရေကစားပွဲတော်ကာလအတွင်း လာမည့် ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ လဝကရုံးများအပါအဝင် တစ်နိုင်ငံလုံး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း ချင်းမိုင်လဝကရုံးက ထုတ်ပြန်ထားသည်။

ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ သုံးရက်တာကာလသည် ထိုင်းနိုင်ငံ၏ နှစ်သစ်ကူး ဆုန်ခရမ်ပွဲတော်ကာလ ပုံမှန်ရုံးပိတ်ရက်ဖြစ်ပြီး စနေ၊ တနင်္ဂနွေအတွင်း ကျရောက်နေသဖြင့် အစားထိုးပိတ်ရက်အနေဖြင့် ဧပြီလ ၁၆ ရက်နေ့ကို သတ်မှတ်ပေးထားခြင်းဖြစ်သည်။

ထိုင်းဆုန်ခရမ်ရေကစားပွဲတော်ကို ယူနက်စကိုစာရင်းဝင်အဖြစ် သတ်မှတ်ခံလိုက်ရပြီးနောက် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ဧပြီလ ၁၂ ရက်ကို အပိုပိတ်ရက်အဖြစ် ထိုင်းအစိုးရအဖွဲ့က ဖေဖော်ဝါရီလအတွင်းက သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

ထိုင်းနှစ်သစ်ကူးပွဲတော်ဖြစ်သော ဆုန်ခရမ်ပွဲတော်တွင် ထိုင်းနိုင်ငံတဝန်း ရေကစားခြင်း၊ စတုဒီသာကျွေးခြင်း၊ သက်ကြီးပူဇော်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြသည်။

လာမည့် ဧပြီလ ၆ ရက်နေ့တွင် ကျရောက်သော Chakri Day အတွက်လည်း ဧပြီလ ၆ ရက်မှ ၈ ရက်အထိ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသေးသည်။

Chakri Day တွင် Chakri မင်းဆက်များဖြစ်သော ရှေးဘုရင်များကို ထိုင်းတော်ဝင်မိသားစုက ဂါရဝပြုကြပြီး ပြည်သူများ ကလည်း ထိုင်းဘုရင်ရာမ ၁ ရုပ်ထုများရှေ့တွင် ပန်းများထား၍ ဂါရဝ ပြုကြသည်။