BREAKING
February 27, 2025

ထိုင်းဝန်ကြီးချုပ်သစ် နေရာအတွက် Move Forward ပါတီ ခေါင်းဆောင် တစ်ပြေးနေ

March 28, 2023

ဘန်ကောက်ဒေသတွင်း မဲဆန္ဒရှင်အများစုသည် Move Forward ပါတီခေါင်းဆောင် ပီတလင်မ်ဂျာရုန်ရတ်ကို ထိုင်းနိုင်ငံ၏ နောက်လာမည့် ၀န်ကြီးချုပ်သစ် ဖြစ်စေလိုကြကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု (NIDA) ၏ စစ်တမ်းအရ သိရသည်။

အဆိုပါ ပါတီခေါင်းဆောင်၏နောက်တွင် ဖွေထိုင်း(Pheu Thai)ပါတီ၏ အကြံပေးအရာရှိချုပ် ဖြစ်သူ ပေထုံတန် ရှင်နာဝပ်ထရာ နှင့် ယူနိုက်တက် ထိုင်းနေရှင်း (United Thai Nation) ပါတီမှ ထပ်မံဝင်ရောက်ယှဉ်ပြိုင်သည့် လက်ရှိ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ တို့က ရပ်တည်လျက် ရှိသည်။

သို့သော် ပြည်သူအများစုမှာမူ Move Forward ပါတီ၊ ယူနိုက်တက် ထိုင်း နေရှင်း (United Thai Nation) ပါတီ အပါအဝင် အခြားပါတီများထက် ဖွေထိုင်းပါတီကို မဲပေးမည်ဟု ဆိုကြသည်။

အဆိုပါအချက်များသည် မတ် ၁၅ ရက်မှ ၂၁ ရက်အထိ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု (NIDA) မှ ပြုလုပ်သော သဘောထားစစ်တမ်းအရ တွေ့ရှိထားခြင်းဖြစ်သည်။

ဤစစ်တမ်းကို ဘန်ကောက်ဒေသ၏ ခရိုင်ပေါင်း ၅၀ တွင်း မတူညီသော အလုပ်အကိုင်နှင့် ပညာရေးဆိုင်ရာ နောက်ခံရှိသည့် ဆန္ဒမဲပေးရန် သတ်မှတ်ချက်များ ပြည့်မီသော မဲဆန္ဒရှင် အယောက် ၂,၅၀၀ ၏ ထင်မြင်ယူဆချက်များအပေါ် အခြေခံကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်တမ်း အရ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်နေရာ အတွက် မည်သူ ကို ရွေးချယ်ချင်ကြောင်းနှင့် ပတ်သက်ပြီး မဲဆန္ဒရှင်များ၏ သဘောထား ကောက်ခံရာတွင် Move Forward ပါတီ ခေါင်းဆောင် ပီတ က ၂၅.၀၈% နှင့် ထိပ်ဆုံးမှာ ရှိနေပြီး သူ့နောက်တွင် ၂၄.၂% နှင့် ဖွေထိုင်းပါတီ ၏ ပေထုံတန် ၊ ၁၈.၂၄% နှင့် ယူနိုက်တက် ထိုင်းနေရှင်းပါတီ၏ ဗိုလ်ချုပ်ကြီး ပရာယွတ်တို့ရှိနေကာ အခြား ပါတီများက ရာခိုင်နှုန်း အသီးသီး နှင့် ၎င်းတို့နောက်တွင်ရှိနေသည်။

Reference ● Thai PBS World