ထားဝယ်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရခြင်း သုံးနှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို လောင်းလုံးမြို့နယ်မှာ ဒီနေ့ (ဖေဖော်ဝါရီ ၂၈) ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ လူထုလမ်းလျှောက်သပိတ်အပါအဝင် ကဗျာရွတ်တာနဲ့ အမှတ်တရ စကားပြောတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီအပြင် ၂၀၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အသက်ပေးကျဆုံးသွားကြသူ လေးဦးအပါအဝင် နွေဦးတော်လှန်ရေးအတွင်း အသက်ပေးကျဆုံးသွားသူတွေကို လွမ်းသူပန်းခွေများနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။
ယခုနှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို ဒေသခံ ရာချီပါဝင်ခဲ့ကြပါတယ်။
















