Dawei Watch၊ ဖေဖော်ဝါရီ ၂၈

























ထားဝယ်ခရိုင်လူထုသပိတ် လှုပ်ရှားမှုအတွင်း အစောဆုံးကျဆုံးသွားခဲ့ကြသည့် ပြည်သူ့ဒီမိုကရေစီသူရဲကောင်း(၄)ဦးအား အောက်မေ့ဂုဏ်ပြုသော အခမ်းအနားကို လောင်းလုံးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နေ့လယ်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်/တော်လှန်ရေးတပ်ဦးအလံတော်အား အလေးပြုခြင်း၊ ပြည်သူ့ဒီမိုကရေစီသူရဲကောင်းများအား အလေးပြုခြင်းနှင့် လွမ်းသူပန်းခွေချခြင်း၊ ၂၈ ရက်နေ့ အကြမ်းဖက်ဖြိုခွင်းခံရမှု အခြေအနေအား ပြောကြားခြင်းနှင့် တော်လှန်ရေးကဗျာများ ရွတ်ဖတ်ခဲ့ကြပြီး ဒေသခံကျောင်းသား လူငယ် အမျိုးသမီးများနှင့် အလုပ်သမား လယ်သမား နှစ်ထောင်ခန့် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထားဝယ်ခရိုင်လူထုသပိတ်မှ ကိုဗညား(အသက်-၃၉ နှစ်)၊ ကိုဖေသန်း(၃၈ နှစ်)၊ ဂျွန်မာခမ်(၃၆ နှစ်)နှင့် ကိုလွင်လွင်ဦး(၃၄ နှစ်)တို့ ရဲဘော်(၄)ဦးအပါအဝင် နိုင်ငံတဝှမ်း သပိတ်လှုပ်ရှားမှုအတွင်း အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း ကျဆုံးခဲ့ကြသည်။
ဓါတ်ပုံ – DDMSC