BREAKING
February 28, 2025

ပဝကျေးရွာတွင် လူနေအိမ်လေးလုံး မီးလောင်

February 28, 2022

တနင်္သာရီမြို့နယ် ပဝကျေးရွာတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လူနေအိမ် လေးလုံး မီးလောင်ကြောင်း ယင်းကျေးရွာနေသူအချို့ထံမှ သိရသည်။

ပဝကျေးရွာ ရန်အောင်မြေရပ်ကွက် မြစ်ကမ်းနံဘေးရှိ နေအိမ်တစ်ဆောင်တစ်လုံး မီးစတင်လောင်ကျွမ်းပြီး နောက်ထပ်နေအိမ် သုံးလုံးကို မီးကူးစက်လောင်းကျွမ်းကြောင်း ပဝရွာသား တစ်ဦးက ပြောသည်။

“(၁၀နှစ်အောက်) ကလေးငယ်တွေ ထမင်းချက်စားရင် မီးလောင်တာ” ဟု ၎င်းက ပြောသည်။

အဆိုပါ ပဝကျေးရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲများ ဖြစ်ပွားသဖြင့် ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်ကြရသည့် ကျေးရွာသားအချို့ ရွာသို့ ပြန်လည်ရောက်ရှိ နေထိုင်နေကြပြီ ဖြစ်ကြောင်း ပဝကျေးရွာနေသူအချို့ထံမှ သိရသည်။

မီးလောင်မှုအား ကျေးရွာနေသူများ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြပြီး လူထိခိုက်မှု မရှိကြောင်း
ကျေးရွာနေသူအချို့က ပြောပြသည်။