BREAKING
January 30, 2025

ဆင်းရဲသည့်နိုင်ငံများဆီသို့ HIV၊ တီဘီနှင့် ငှက်ဖျားဆေး ပေးဝေမှုများကို ရပ်ဆိုင်းရန် ထရမ့် အမိန့်ပေး

January 28, 2025

ဓာတ်ပုံ - Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် ဆင်းရဲသည့်နိုင်ငံများသို့ HIV၊ တီဘီနှင့် ငှက်ဖျားဆေးပေးဝေမှုများကို ရပ်ဆိုင်းထားရန် အမိန့်ပေးလိုက်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

USAID က ကမ္ဘာတစ်ဝန်းဆီသို့ ပံ့ပိုးပေးနေမှုများကို ရပ်ဆိုင်းထားရန် ထရမ့်အစိုးရက ညွှန်ကြားချက်ပေးလိုက်ပြီး မွေးကင်းစကလေးငယ်များအတွက် ဆေးဝါးထောက်ပံ့မှုများသည်လည်း ယခုရပ်ဆိုင်းမှုတွင် အကျုံးဝင်ကြောင်း Reuters သတင်းက အသိပေးထားသည်။

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နှင့် အလုပ်လုပ်သော ကန်ထရိုက်တာများနှင့် မိတ်ဖက်များသည် အင်္ဂါနေ့က ဆေးဝါးပေးဝေထောက်ပံ့မှု လုပ်ငန်းစဉ်များကို ရပ်တန့်ရန်အတွက် ညွှန်ကြားစာများကို စတင်လက်ခံရရှိနေကြပြီ ဖြစ်သည်။

ထရမ့်အစိုးရဘက်က ယခုအစီအစဉ်ကို ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်နေစဉ် ကာလအတွင်း ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းထားရမည်ဖြစ်ပြီး ယခုလှုပ်ရှားမှုမှာ အမေရိကန်အကူအညီနှင့် ရန်ပုံငွေလုပ်ငန်းစဉ်များဆိုင်ရာ ကျယ်ပြန့်သောရပ်ဆိုင်းမှုအဖြစ် မှတ်တမ်းဝင်လာခဲ့ပြီလည်းဖြစ်သည်။

HIV၊ ငှက်ဖျားနှင့် တီဘီရောဂါတို့အပြင် သန္ဓေတားဆေးနှင့် မိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုများအားလုံးကို ရပ်ဆိုင်းထားရန် ညွှန်ကြားချက်၌ အကျုံးဝင်ပါဝင်သည်ဟု USAID သတင်းရင်းမြစ်တစ်ခုနှင့် USAID အရာရှိဟောင်းတစ်ဦးတို့က ရိုက်တာသို့ ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဌာန အကြီးအကဲဟောင်း အေတူးလ် ဂါဝမ်ဒီ က “ဒါက တကယ့် ကပ်ဆိုးပါပဲ။ HIV ဝေဒနာရှင် သန်း ၂၀ ကို အသက်ရှင်အောင် ကုသပေးဖို့အတွက် ဆေးဝါးတွေ လှူဒါန်းခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒီဆေးဝါးလှူဒါန်းမှုတွေ အားလုံးက ရပ်ဆိုင်းသွားခဲ့ပါပြီ”ဟု ပြောကြားခဲ့သည်။

Ref : Reuters