BREAKING
October 18, 2024

ထိုင်းသို့ တရားမဝင် ဝင်သဖြင့် ယခုလအတွင်း ဖမ်းဆီးခံရသည့် မြန်မာလုပ်သား တစ်ထောင်ကျော်ရှိပြီ

January 28, 2022

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် ဝင်ရောက်သဖြင့် ယခုဇန်နဝါရီလအတွင်း ဖမ်းမိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ရှိပြီဖြစ်ကြောင်း ထိုင်းတပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀၃ ဦး ဖမ်းမိကြောင်း ထိုင်းတပ်မတော်၊ ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီလ ပထမအပတ်အတွင်းက ၁၉၅ ဦး၊ ၁၈ ရက်နေ့တွင် ၁၁၈ ဦး၊ ၁၉ ရက်နေ့တွင် ၁၁၀ ဦး၊ ၂၀ ရက်နေ့တွင် ၂၀၄ ဦး၊ ၂၂ ရက်နေ့တွင် ၁၆ ဦး၊ ၂၄ ရက်နေ့တွင် ၂၂၅ ဦးနှင့် ၂၇ ရက်နေ့တွင် ၁၃၅ ဦးတို့ကို ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၈ ရက်အတွင်း ၁၀၀၃ ဦး ဖမ်းမိသဖြင့် တစ်ရက်လျှင် ပျမ်းမျှ ၃၆ ဦးခန့် ဖမ်းမိနေသည့်သဘောဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်လည်း တရားမဝင် ဝင်ရောက်သဖြင့် တစ်လလျှင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၅၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။

ယခု ဇန်နဝါရီလအတွင်း ဖမ်းမိသူ တစ‌္ထောင်ကျော်သွားသဖြင့် ယခင်လများထက် ပိုမိုဖမ်းဆီးခံရခြင်း ဖြစ်သည်။

နိုင်ငံရေး မတည်ငြိမ်မှုနှင့် ကိုဗစ်ကပ်ဘေး တတိယလှိုင်း စတင်ချိန်မှစတင်ကာ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်နေကြခြင်း ဖြစ်သည်။