BREAKING
April 21, 2025

သုံးခရိုင်စစ်တုရင်ပြိုင်ပွဲ အွန်လိုင်းမှ ကျင်းပရန်စီစဉ်

December 27, 2020

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း သုံးခရိုင်စစ်တုရင်ပြိုင်ပွဲအား အွန်လိုင်းမှ တစ်ဆင့် ကျင်းပသွားရန် စီစဉ်နေကြောင်း မြိတ်စစ်တုရင်အသင်း ဥက္ကဋ္ဌ ဦးကိုဦးထံ မှ သိရသည်။

ယင်းပြိုင်ပွဲကို ပြိုင်ပွဲအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် Chess.com အယ်ပလီကေးရှင်းဖြင့် ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပရန် လိုအပ်သည့် အကောင့်(Account)လျှောက်ခြင်း၊ အသင်းဖွဲ့ခြင်းနှင့် အခြားလိုအပ်သည်များကို ပြုလုပ်နေရကြောင်း ၎င်းက ပြောသည်။

အဆိုပါ အယ်ပလီကေးရှင်းဖြင့် ပြိုင်ပွဲပြုလုပ်ရာတွင် ကစားသူများမှာ နည်းပညာအကူအညီနှင့် အခြားမသမာသည့် နည်းလမ်းများဖြင့် ကစားပါက သက်ဆိုင်ရာ Admin Team အား အကြောင်းကြားပေးသည့် စနစ်ပါဝင်ကြောင်း ၎င်းက ဆိုသည်။

မြိတ်တွင် သက်ဆိုင်ရာခေါင်းစဉ်အလိုက် စစ်တုရင်ပြိုင်ပွဲတို့အား နှစ်စဉ် ပြုလုပ်သော်လည်း ကိုဗစ်ကာလတစ်လျှောက်တွင် ပြိုင်ပွဲသုံးခုခန့်ကို မပြုလုပ်နိုင်ခဲ့ကြောင်း မြိတ်စစ်တုရင်အသင်းမှ သိရသည်။

မြင့်မိုရ်(မြိတ်)