BREAKING
January 22, 2025

မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးရန် အိုင်စီစီရှေ့နေချုပ် တောင်းဆို

November 27, 2024

ရိုဟင်ဂျာမွတ်စလင် လူနည်းစုအပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC) ၏ရှေ့နေချုပ်က တရားသူကြီးများထံ ယနေ့တွင် ဦးတိုက်လျှောက်ထား လိုက်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရိုဟင်ဂျာများကို ဖိနှိပ်မောင်းထုတ်မှုများအတွက် လူသားထုအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုဖြင့် စွဲချက်တင်ရန် အဆိုပါ ရှေ့နေချုပ်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်သတ်ဖြတ်မှုများ၊ နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံရမှုများ ပါဝင်သည့် မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာတစ်သန်းနီးပါး အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်ဟုဆိုသည်။

မကြာမီ နောက်ထပ်မြန်မာစစ်အစိုးရခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ပေးရေး တောင်းဆိုမှုများ ပြုလုပ်သွားရန် ၎င်းအနေနှင့် ရည်ရွယ်ထားကြောင်း ICC ရှေ့နေချုပ် Karim Khan က ဆိုသည်။

“ဒီလို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုရာမှာ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေနဲ့ လက်တွဲပြီး ရိုဟင်ဂျာတွေဟာ အမေ့လျော့ခံတွေ မဟုတ်ဘူးဆိုတာ ဆန္ဒထုတ်ဖော်သွားမှာပါ။ ကမ္ဘာအနှံ့က အခြားပြည်သူတွေလိုပဲ သူတို့တွေဟာလည်း ဥပဒေရဲ့ အစောင့်အရှောက်ကို ခံစားပိုင်ခွင့်ရှိပါတယ်” ဟု ဗြိတိန်နိုင်ငံသား အဆိုပါ ရှေ့နေက ပြောဆိုခဲ့သည်။

Source – ABC News