BREAKING
December 25, 2024

ကိုဗစ်လော့ဒေါင်းကာလ မီးလောင်မှုတွင် လူများသေဆုံးရာမှ တရုတ်မြို့ကြီးတစ်မြို့တွင် ဆန္ဒပြပွဲများဖြစ်ပွား

November 27, 2022

တိုက်ခန်းမီးလောင်ရာ လူ ၁၀ ဦး သေဆုံးသွားပြီးနောက် ကိုဗစ်ကန့်သတ်ချက်များကို ကန့်ကွက်သည့် ဆန္ဒပြပွဲများ တရုတ်တွင် ဖြစ်ပွားနေသည့် ဗီဒီယိုဖိုင်များ ထွက်ပေါ်လာခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။

အူရန်ကျီ မြို့ရှိ လူအများသည် အရာရှိများနှင့် ဒေါသတကြီး ရင်ဆိုင်လျက်ရှိကာ အတားအဆီးများကို ရိုက်ချိုးခြင်း၊ “Covid lockdown များ အဆုံးသတ်ပေး” ဟု ဟစ်အော်ခြင်းများ ပြုလုပ်နေသည်ကို ဗီဒီယိုများတွင် တွေ့ရှိရသည်။

တရုတ်တွင် တင်းကျပ်သော ဇီးရိုးကိုဗစ် မူဝါဒချမှတ်ထားသော်လည်း ကူးစက်မှုနူန်းများက ဆက်လက်မြင့်မား နေဆဲ ဖြစ်သည်။

အနောက်ပိုင်း ရှင်ကျန် ပြည်နယ်၏ မြို့တော်ဖြစ်သော အူရန်ကျီတွင် ကိုဗစ်တင်းကျပ်မှုများကို ဩဂုတ်လကတည်းက ပြုလုပ်ထားသည်။

နိုဝင်ဘာလ ၂၄ ရက်က တိုက်ခန်းများ မီးလောင်စဉ်က လူအများပိတ်မိခဲ့သည်။

အပြင်ထွက်ခွင့် တားမြစ်ထားခြင်းကြောင့်ဟု ဆိုသူများရှိသကဲ့သို့ တင်းကျပ်မှုများ ဖြေလျှော့ထားခဲ့လျှင်လည်း မီးလောင်မှု ပြဿနာတွင် လူများပိတ်မိခဲ့ခြင်းကို ကယ်တင်နိုင်ခဲ့လိမ့်မည်မဟုတ်ဟု အာဏာပိုင်များဘက်က ပြန်လည် ချေပထားသည်။

မီးလောင်သေဆုံးမှုများအတွက် အူရန်ကျီမြို့တော် အာဏာပိုင်အဖွဲ့က တောင်းပန်ခဲ့ပြီး တာဝန်လစ်ဟင်းသူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

မီးလောင်မှုပြီးနောက် ထွက်ပေါ်လာသော ဗီဒီယိုဖိုင်များအရ မျက်နှာဖုံးတပ်ထားသည့် ပြည်သူအများက ညအချိန်အခါတွင် လမ်းမများပေါ် ဆန္ဒပြနေကြခြင်းဖြစ်ကာ နောက်တစ်ရက်တွင် တရုတ်လူမှုကွန်ရက်များ၌ ယင်းဗီဒီယိုများ ပြန်လည် အဖျက်ခံနေရသည်။