BREAKING
April 19, 2025

ထိုင်းတွင် ဓါတုစက်ရုံပေါက်ကွဲမှုကြောင့် မြန်မာလုပ်သားနှစ်ဦးသေဆုံး

October 27, 2024

ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် ကဘင်ဘူရီဒေသရှိ ဓာတုစက်ရုံတွင် အောက်တိုဘာ ၂၆ ရက်‌နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီး စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားနှစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဘန်းထွန်းစက်မှုဇုန်ထဲရှိ Xiao Xiang Non-Ferrous Metal ကုမ္ပဏီ၏ ဓါတုစက်ရုံတွင် နံနက် ၉ နာရီခန့်က အလုပ်သမားများ ဓါတုပစ္စည်းများ ရောနှောနေစဉ် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားနှစ်ဦး ဓါတုကန်ထဲ ပြုတ်ကျသေဆုံးခဲ့ပြီး နောက်ထပ် အလုပ်သမား ၁၂ ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း ထိုင်းနိုင်ငံတော်ပိုင် သတင်းဌာနက ထုတ်ပြန်ထားသည်။

သေဆုံးနှင့် ဒဏ်ရာရရှိသော မြန်မာအလုပ်သမားများကို ကဘင်ဘူရီဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။

စက်ရုံထဲတွင် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားအလုပ်သမား ၂၃၂ ဦး အလုပ်လုပ်ကိုင်နေပြီး အများစုမှာ မြန်မာ အလုပ်သမားများဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ သို့သော် ဒဏ်ရာရရှိသူများတွင် မြန်မာအလုပ်သမား မည်မျှပါဝင်သည်ကို သတင်းများတွင် အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။

ပေါက်ကွဲမှု ဖြစ်ပွားရသော အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။

လက်ရှိတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော စက်ရုံအနီးသို့ မသွားကြရန် အာဏာပိုင်များက ညွှန်ကြားထားပြီး စက်ရုံကို လတ်တလော ရပ်နားထားကြောင်း ဖောပြသည်။

Ref: NNT- National News Bureau of Thailand, Bangkok Post, Khaosod English