ထားဝယ်မြို့ပေါ်ရှိ ဘုမ္မော်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပြီး နေအိမ်နှစ်ဆောင်မီးလောင် ပျက်စီးခဲ့ကြောင်းတနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနက ယနေ့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်ရှိ ရပ်တော်မူဘုရားလမ်းတွင်ရှိသည့် နေအိမ်တစ်ဆောင်မှစ၍ ယနေ့ နံနက် ၁ နာရီကျော် အချိန်တွင် မီးစလောင်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။
အဆိုပါမီး လောင်မှုကြောင့် နေအိမ် နှစ်ဆောင် မီးလောက်ပျက်စီးခဲ့ကြောင်း အထက်ပါအသင်း ဦးဆောင်သူ ဦးနိုင်မျိုးသွင်ကပြောသည်။










မီးလောင်သည့်အကြောင်းရင်းနှင့် ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါမီးလောင်မှုကို ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့၊မြို့ခံပရဟိတ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊မြို့ခံများပူးပေါင်း၍ ငြှိမ်းသတ်ခဲ့ရာ ယနေ့ နံနက် ၂ နာရီဝန်းကျင်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်ပရဟိတအသင်း ထံမှသိရသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ထားဝယ်မြို့ကြက်စားပြင်ရပ်ကွက်ရှိ ထားဝယ်မြစ်အတွင်းဆီတင် သင်္ဘောမီးလောင်ပေါက်ကွဲမှုဖြစ်ရာ သေဆုံးသူ ကိုးဦးအထိရှိခဲ့သည်။