Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မီးရှို့ခံရတဲ့နေအိမ်ပြာပုံထဲမှာ အလောင်းသုံးလောင်းတွေ့ရှိခဲ့တဲ့အကြောင်း
- သရက်ချောင်းမြို့နယ်မှာလည်း စစ်တပ်က ဖမ်းသွားတဲ့ဒေသခံတစ်ဦးရဲ့အလောင်း မြေမြှုပ်လျှက်သားပြန်တွေ့ခဲ့တဲ့အခြေအနေ
- မြိတ်-တနင်္သာရီကားလမ်းမှာ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တာ
- ပုလောမှာ ဒီရေတောဧကတစ်ထောင်ကျော်ကို ကြိုပြင်ကာကွယ်တောအနေနဲ့ သတ်မှတ်လိုက်လို့ ဒေသခံတွေ လုပ်ကိုင်စားသောက်ဖို့ အခက်တွေ့လာတဲ့အကြောင်း
- ထားဝယ်ဒေသအခြေစိုက် ဇာတ်သဘင်တွေ လုပ်ငန်းပြန်လည်ပတ်လို့ မနိုင်သေးတဲ့အခြေအနေ
- ပေါင်ဒေသခံနှစ်ဦး ၅၀၅ ပုဒ်မနဲ့ အမှုဖွင့်ခံရတဲ့ အကြောင်း
- ထိုင်းနိုင်ငံတောင်ပိုင်းက တရားဝင်မြန်မာအလုပ်သမား ၆၀ အလုပ်မရဘဲ အခက်အခဲဖြစ်နေတာ
- ထိုင်းရဲတွေ မြန်မာအလုပ်သမားကို ရိုက်နှက်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ဖြစ်စဉ်
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။