ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာတွင် စက်တင်ဘာ ၂၄ ရက်နေ့က နေအိမ်လေးဆောင် မီးရှို့ခံထားရသည်။
ယင်းအပြင် ဖောက်ထွင်းခံရပြီး ရိက္ခာအပါအဝင် အိမ်တွင်းပစ္စည်းတွေ ယူဆောင်ခံရသည့် နေအိမ်မှာ ၁၀ လုံးထက်မနည်းရှိကြောင်း ဒေသခံများထံမှသိရသည်။
ဩဂုတ်လမှ စက်တင်ဘာလ အထိ နှစ်လအတွင်း ထားဝယ်အထူးစီးပွားရေးဇုံဒေသ ဖြစ်သည့် ခမောင်းချောင်း၊ဧကနိ၊ဝဇွမ်း တောရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်စဥ် မီးရှို့ခံရသည့်နေအိမ်မှာ ၁၈ ဆောင်ရှိသွားပြီဖြစ်သည်သည်။