BREAKING
February 28, 2025

သမ္မတဟောင်း ဒိုနယ်ထရမ့် နေအိမ်ကို FBI ဝင်ရှာရခြင်းအကြောင်းရင်း ထွက်ပေါ်

August 27, 2022

တရားမျှတရေး ကို ထိပါးကျူးကျော်ခြင်းနှင့် ဆိုင်သော သက်သေအထောက်အထားများကို ရှာဖွေရန်အတွက် သမ္မတဟောင်း ဒိုနယ်ထရမ့်၏ ဖလော်ရီဒါနေအိမ်ကို ရှာခြင်းဟု FBI က ဆိုခဲ့သည်ဟု တရားသူကြီးတစ်ဦးက ပြောကြားသည်။

ထိပ်သီလျှို့ဝှက် ဖိုင်များကို အဆိုပါ နေအိမ်ရှိ သတင်းစာများ၊ မဂ္ဂဇင်းများ ထားသည့်အပုံထဲတွင် သိမ်းထားကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။

အရပ်သားသက်သေများကို ထိခိုက်မည်ကို ကာကွယ်ရန် အတည်ပြုချက်များကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း တရားရေးဌာနက ကြေညာထားသည်။

ယခုစုံစမ်းရှာဖွေမှုသည် နိုင်ငံရေးအရ တိုက်ခိုက်ပုတ်ခတ်ခြင်းသာ ဖြစ်ကြောင်း မစ္စတာထရမ့်က ပြောကြားသည်။

ပြီးခဲ့သည့် သောကြာနေ့က တရားရေးဌာနက ထရမ့်အိမ်သို့ FBI က ဝင်ရောက်ရှာဖွေသည်ဆိုသော စာရွက်စာတမ်းကို သတင်းအချက်အလက်များစွာ ဖြတ်တောက်ဖုံးကွယ်ထားပြီး ထုတ်ပြန်ခဲ့သည်။

အပန်းဖြေဂေါ့ဖ်ကလပ် ပါဝင်သော အဆိုပါ သီးသန့်အိမ်ရာနယ်မြေမှ ထိပ်တန်းလျို့ဝှက် စာရွက်စာတမ်း (၁၁)စုံ ရရှိခဲ့သည်ဟု တရားရေးဌာနက ပြောထားသည်။

တရားဥပဒေနှင့် မညီသော စာရွက်စာတမ်းများတွေ့ရှိရမည်ဟု ယူဆကြောင်း ယင်းအမှုနှင့် နီးစပ်သည့် FBI တပ်ဖွဲ့ဝင်တစ်ဦးကို ကိုးကားလျက် BBC က ဖော်ပြထားသည်။