BREAKING
September 8, 2024

ငါး၊ ပုစွန် ဈေးမြင့်တက်နေသည့် ထားဝယ်ဈေးကွက်

July 27, 2024

ထားဝယ်တွင် ယခုအပတ် မြန်မာ့ပင်လယ်ပြင်တွင် ရာသီဥတုဆိုးရွားနေသည့်အတွက်ကြောင့် ရေထွက်ကုန်ဖြစ်သည့် ငါး၊ ပုစွန် ဈေးနှုန်းများမြင့်တက်နေသည်။

အခြေခံလူတန်းများ စားသုံးလေ့ရှိသည့် ပါတူး(အာဗြဲ)ငါးတစ်ပိဿာ ယခင်အပတ်က ၄၀၀၀ စျေးရှိရာမှ ယနေ့ဇူလိုင် ၂၇ရက်တွင် ၈၅၀၀ကျပ်၊ ပါလန်း(ငါးလုံး) တစ်ပိဿာ ၂၀၀၀ ကျပ် စျေးရှိရာမှ ယနေ့ ၄၅၀၀ကျပ်သို့ ဈေးတက်သွားသည်။

ငါးကွန်းရှပ်နှင့် ပုစွန်ဈေးနှုန်းများမှာလည်း မြင့်တက်နေသည်။

ယခင်ပတ်က ငါးကွန်းရှပ်ကြီး တစ်ပိဿာ ၂၂၀၀၀ကျပ်မှ ယနေ့ ၃၀၀၀၀ကျပ်၊ ပုစွန်ချောကြီး တစ်ပိဿာမှာ ၂၈၀၀၀ကျပ်မှ ယနေ့ ၃၅၀၀၀ကျပ် ဖြစ်လာသည်။

တပတ်အတွင်း ငါးဈေးမှာ အမျိုးအစားအလိုက်အပေါ်မူတည်ကာ တစ်ပိဿာ ၂၅၀၀ကျပ်မှ ၈၀၀၀ကျပ်အထိဈေးတက်သွားသလို ပုစွန်ဈေးမှာ တစ်ပိဿာ ကျပ် ၇၀၀၀အထိ ဈေးတက်သွားခြင်းဖြစ်သည်။

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ကြက်သွန်နီ ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ကြက်သွန်ဖြူမှာ ဈေးကျနေသည်။