BREAKING
February 28, 2025

သစ်မာတန်ချိန် ရှစ်ထောင် ထုတ်မည်

July 27, 2020

၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် သစ်မာ တန်ချိန် ရှစ်ထောင်ထုတ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးတင်မင်းဦးက ပြောသည်။

ကညင်၊ ပိတောက်၊ ကဘန်း၊ ကံ့ကော်၊ စကား၊ ကောင်းမှု၊ တောင်သရက်၊ ဥဘန်စသည့် သစ်မာအမျိုးအစား ၂၀ ခန့်ကို တနင်္သာရီမြို့နယ်နှင့် သရက် ချောင်းမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှ ထုတ်ယူသွားမည်ဖြစ်ကြောင်း ဦးတင်မင်းဦးက ပြောသည်။

ရင်ဆို့လုံးပတ် ၆ ပေ ၆ လက်မ လုံးပတ်ရှိသည့် သစ်များကို ထုတ်ယူမည်ဖြစ်ပြီး ပြည်ပရောင်းတန်းဝင်သည့် သစ်နှင့် ပြည်တွင်းရောင်းသစ်များကို လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ဦးတင်မင်းဦးက ပြောသည်။

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် သစ်တောပြုန်းတီးခြင်းကို ကာကွယ်ရန်အတွက် သစ်ထုတ်လုပ်ခြင်းကို တစ်နှစ်လျှင် တန်ချိန် ၁၀ဝ၀ ခန့် လျှော့ချ ထုတ်ယူနေကြောင်း ဦးတင်မင်းဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ်က သစ်တန်ချိန် ၉၀ဝ၀ ထုတ်ယူခဲ့သည်ဟု အထက်ပါဌာနမှ သိရသည်။

မိုးမြင့်