Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
– ထားဝယ်မြို့ပေါ်စာသင်ကျောင်းအနီးမှာ ဗုံးတွေ့လို့ ရှင်းလင်းလိုက်တဲ့အကြောင်း
– ထောင်ချီရှိတဲ့ ရာဖူးရွာစစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေလိုအပ်နေတဲ့အခြေအနေ
– ရေဖြူမြို့နယ်က ဇာဒီရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ရက်ဆက်ပစ်ခတ်နေသလို အင်တာနက်လည်း ဖြတ်တောက်ခံထားရတာ
– မွန်ပြည်နယ် ကျိုက်ထိုဒေသခံတွေလည်း စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ထွက်ပြေးနေကြရပါတယ်။
– ထားဝယ်မြို့မှာ ရွှေရောင်းသူထက် ပေါင်တဲ့သူက ပိုများလာနေတဲ့အကြောင်း
– ရှမ်းမြောက်တကျော့ပြန်တိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းယူထားတယ်လို့ တအာင်းတပ်က ထုတ်ပြန်လိုက်တာ
– နောင်ချိုမြို့ကို အပြည့်အဝထိန်းချုပ်ထားတယ်လို့ မန္တလေး PDF က ထုတ်ပြန်လိုက်တဲ့အကြောင်း
– ရှမ်းမြောက် တကျော့ပြန်တိုက်ပွဲတွေပြင်းထန်လာနေချိန် သမ္မတဟောင်းဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်ထွက်ပေါ်လာတာ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။