BREAKING
February 27, 2025

ရုရှားသို့ မြောက်ကိုရီးယားတပ်သားများထပ်ပို့

February 27, 2025

ရုရှားသို့ ပေးပို့စေလွှတ်ခဲ့သည့် မြောက်ကိုရီးယားတပ်သားအများအပြား ထိခိုက်ကျဆုံးခဲ့ပြီးနောက် မြောက်ကိုရီးယားဘက်က နောက်ထပ်တပ်သားသစ်များ စေလွှတ်ထားဟန် ရှိကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက ဆိုသည်။

ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အသစ်စေလွှတ်ထားသည့် မြောက်ကိုရီးယားတပ်သားများကို ရုရှားနိုင်ငံ ၊ Kursk ဒေသတွင် တပ်ချထားခဲ့ကြောင်း ယင်းဌာနက ပြောသည်။

ထပ်မံပေးပို့စေလွှတ်ထားသည့် မြောက်ကိုရီးယား တပ်သားအရေအတွက် မည်မျှရှိကြောင်း တိတိကျကျ အကဲဖြတ်နိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်းလည်း သိရသည်။

ရုရှားနိုင်ငံ ၊ kursk ဒေသတွင် ယူကရိန်းဘက်က ထိုးစစ်ဆင်ခဲ့ရာ ရုရှားတပ်ဖွဲ့များနှင့်အတူ မြောက်ကိုရီးယားတပ်သားများလည်း ပါဝင်တိုက်ခိုက်နေကြောင်း ယူကရိန်းသမ္မတဇလန်းစကီးက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အတည်ပြုထားသည်။

ရုရှားနှင့်အတူ လက်တွဲတိုက်ခိုက်နေသည့် မြောက်ကိုရီးယားတပ်သား ၃၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး နောက်ထပ် ၂၇၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဇန်နဝါရီလတွင် တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက ထုတ်ပြန်ခဲ့သည်။

Source : Associated Press